ကျနော် ဒုက္ခသည်စခန်း အတွင်း ရှိစဉ်ကပေါ့ ..ကျနော်တို့တက်တဲ့ကျောင်းက Post Ten ကျောင်းလေ။ ပြည်ထောင်စုဘွားတိုင်းရင်းသားများ စုဝေးရာကျောင်း တစ် ကျောင်းပါ။ လွပ်လွပ်လပ်လပ်ပြောဆိုနိုင် တဲ့အချိန် တစ်ပတ်မှာ တစ်ချိန်ရှိလေရဲ့ ။ ဦးဆောင် ဆရာက အားလုံးသဘောတူမယ့် ခေါင်းစဉ်တစ်ခုကို ချပြပြီး ဆွေးနွေးကြ၊ ငြင်းခုံကြ၊ ဆဲဆို ကြပေါ့။ ကျနော်အင်မတန် နှစ်သက်လှတဲ့ အချိန်တစ်ချိန်လေးပါ။
တစ်နေ့...ဆရာတစ်ယောက်က တိုင်းပြည်နဲ့ပတ်သက်တဲ့ ခေါင်းစဉ်တစ်ခုကို ယူလာပြီး Brain Strong လုပ်ပါလေရော။သူက စာစောင်တစ်စောင်ထဲက ကူးလာတာတဲ့... သဘောကျလို့တဲ့။စံပယ်ဖြူစာစောင်ကလား၊အတွေးအမြင် စာစောင်ထဲကလား ကနော်မမှတ်မိတော့ပါ။
ကျနော်လည်း အရမ်းသဘောကျ ခဲ့လို့ခုထိတောင် နေ့စဉ်မှတ်တမ်းမှာ သိမ်းထားပြီး ကျနော်ရဲ့Blog မှာ မထင်မှတ်ပဲရောက်လာတာဖြစ်ဖြစ်၊ တမင်ရောက်ရောက်လာတာဖြစ်ဖြစ် ရောက်လာကြတဲ့ မိတ်ဆွေရောင်းရင်း ဆရာသမားများအတွက် အတွေးပွားစေဖို့ရာ ကူးယူ ဖော်ပြလိုက်ရပါတယ်။
ဘာသာပြန်တဲ့ ကဗျာဆရာဇေယျာလင်း ကိုလည်း ကော်ပီရိုက်မတောင်းတော့ပဲ ဒီကနေပဲဆရာရဲ့ ကဗျာကို မျှဝေလိုက်ပါကြောင်း။ကဗျာခေါင်းစဉ်ကို မမှတ်မိတော့ပါ။ တိုင်းပြည် လို့ထင်တာပဲ။တိုင်းပြည်လို့ပဲ ခေါင်းစဉ်တပ်ပါရစေ။ခံစား အတွေးပွား မျှဝေနိုင်ကြပါစေ။
တိုင်းပြည်
ဒီတိုင်းပြည်ရဲ့ နယ်နိမိတ်တွေကိုသိရုံနဲ့
ဒါဟာ သင့်နိုင်ငံ မဖြစ်နိုင်သေးဘူး။
တူညီသောဘာသာ စကားကိုပြောကြရုံနဲ့.....
ကွယ်လွန်သူတို့ရဲ့အမည်နာမတွေကိုသင်သိရုံနဲ့
ဒါဟာသင့်နိုင်ငံမဖြစ်သေးဘူး။
သင့်စိတ်ကူးအိပ်မက်တွေ
လိုအပ်ရင်ထပ်တည်ဆောက်ဖို့
ဒီအရပ်ဒေသကိုရွေးချယ်မှသာ
ဒါဟာသင့်ရဲ့ နိုင်ငံဖြစ်တယ်။
Brain Strong
- ဘယ်အရာကိုတိုင်းပြည်လို့ခေါ်ပါသလဲ။
- လူတွေဘာကြောင့် တိုင်းပြည်ကို လိုချင်ကြသလဲ။
- စိတ်ကူးအိပ်မက်တွေ အကောင်အထည်မဖော်နိုင်တဲ့ နေရာကိုတိုင်းပြည်လို့ခေါ်နိုင်ပါ
သလား။
သင့်စိတ်ကူး အတွေးခေါ်အယူအဆများကို ကျနော်တို့သိနိုင်ဖို့ရာ Comment မှာ ရေးသားနိုင်ပါတယ်။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။ သိုင်းခရု